Saturday, August 23, 2008

လုပ်နိင်ရင်တော.၊အကောင်းဆုံးပေါဗျာ(2)

ဒီလိုနဲ.ညီက.....အစ်ကိုကွယ်ရာမှာစုထားတဲ့ငွေတွေ...တစ်နေ.ထက်တစ်နေ.တိုးလာတယ်..
အစ်ကိုကအရက်သောက်ရင်လည်း..ညီကအဲဒီအရက်ဝိုင်းထဲကကျသင်.ငွေအတိုင်း
ထပ်ပြီးစုပြန်ရော..။သူ.ညီကအရက်မသောက်၊ဆေးလိပ်မသောက်....ဒီလိုနဲ.အသက်40
နားလည်းရောက်လာတော.၊ညီဖြစ်သူကကိုယ်ပိုင်လုပ်ငန်းကလေးတစ်ခု...စတင်ပိုင်ဆိုင်လာတယ်..၊
ကျွန်တော်.ဆရာက၊တစ်ခါတစ်လေ...လောင်းကစားနဲ.မိန်းမကလည်းလိုက်စားဆိုတော.၊ဒုံရင်းက
ဒုံရင်းပေါ.ဗျာ...နှစ်တွေကြာလာတော.၊သူ.ညီနဲ.ပြောထားတဲ့စကားကလည်း၊သူ.ခေါင်းထဲမရှိတော.
ဘူးလေ။တစ်ဖြည်းဖြည်းနဲ.လေထဲမှာတိုက်ဆောက်သလို...ဖြစ်ကုန်တော.တယ်၊
အဲဒါနဲ.ကျွန်တော်.ဆရာကအခုချိန်မှာ....မီးဖိုချောင်ထဲမှာဝင်ရောက်လုပ်ကိုင်ရတဲ့ဘဝ
အကြောင်းကိုကျွန်တော်.ကိုရင်ဖွင်.ပြတော.၊ကျွန်တော်.ခေါင်းထဲမှာလည်း...အသိတရား
လေးတစ်ခုဝင်ရောက်လာမိတယ်ဗျာ။ဆရာ.ညီကအခုဆိုရင်အလုပ်သမားတွေအများကြီး
ပိုင်ဆိုင်နေပြီတဲ့၊သူကျတော.အလုပ်သမားဘ၀ကနေ၊ဒီတစ်သက်တော.မကျွတ်နိုင်တော.ဘူးတဲ့၊
ကျွန်တော်.ခေါင်းထဲမှာ၊မှတ်သားဖွယ်ရာလေးတစ်ခုအဖြင်.၊အခုထိစွဲကျန်နေမိတုန်းပေါ.ဗျာ...။
နောင်တ“ဆိုတဲ့စကားလုံးလေးရဲ.အဓိပ္ပာယ်...နောင်မှ“သ“တတ်တဲ့အဖြစ်လေးတွေဆိုတော.၊
အထူးသတိပြုပြီး၊ဆင်ခြင်နိုင်ရင်တော.၊အကောင်းဆုံးပေါ.၊ဘ၀တိုးတက်ရေးအတွက်.....
သူတစ်ပါးရဲ.အဖြင်.အပျက်လေးတွေကိုကြည်.ပြီး၊ဆင်ခြင်ကာလက်တွေ.ကျကျ၊လိုက်နာ
ကျင်.သုံးနိုင်ရင်တော.အကောင်းဆုံးပေါ.၊စာဖတ်သူချစ်သောသူငယ်ချင်းများတို.ရယ်..........“

Thursday, August 21, 2008

လုပ်နိုင်ရင်တော.၊အကောင်းသားပေါ.ဗျာ

ဇာတ်လမ်းတစ်ခုပြောပြချင်ပါတယ်....ကျွန်တော်.ဆရာအကြောင်းလို.ဆိုရမယ်ထင်တယ်။
2005ဂျပန်မှာအလုပ်လုပ်ခဲ့တုန်းကအဖြစ်ကလေးပါ...ဆရာဆိုပေမယ်.မီးဖိုချောင်ကဆရာ
လို.ပြောရင်ပိုကောင်းမယ်..ကျွန်တော်ကမီးဖိုချောင်ထဲမှာအလုပ်လုပ်ရတာဆိုတော.၊သူက
အားလုံးရဲ.ဖိုခေါင်းပေါ.ဗျာ....ကျွန်တော်နဲ.က..တော်တော်လေးကိုအဆင်ပြေတယ်။ကျွန်တော်.ကို
လည်းတော်တော်ခင်ရှာတယ်။ပြီးတော.ကျွန်တော်.ကိုလည်းသူကအထင်ကြီးတယ်ဟ...ဘာသာ
စကားလေး၊ငါး..မျိုးတတ်တယ်ဆိုပြီးပေါ.ဗျာ..သူကကျွန်တော်.ကိုမေးတယ်...မင်းဘာလို.ဒါမျိုး
လာလုပ်ရတာလဲပေါ.။ပိုက်ဆံလိုချင်လို.ဆိုပြီး၊တိုတိုတုတ်တုတ်လေးဖြေလိုက်တယ်...ကိုယ်ရည်ရွယ်
ထားတဲ့ငွေတွေရှာလို.စုဆောင်းလို.ရရင်ကော..ဘာဆက်လုပ်မှာလဲတဲ့။ဆက်မေးတယ်......ကိုယ်က
လည်းတိုတိုတုတ်တုတ်ဘဲထပ်ဖြေလိုက်တယ်၊ကိုယ်ပိုင်လုပ်ငန်းလေးလုပ်ချင်လို.ပေါ.၊ဒါဘဲ....
သူကဘာမှဆက်မမေးတော.ဘူး....မင်းကြိုးစားပါတဲ့၊ကျွန်တော်.ကိုမြှောက်တာလားဘာလား၊တော.
မသိဘူးမင်းစိတ်ဓါတ်နဲ.ဆိုရင်တော.အောင်မြင်မှာပါတဲ့...ပြီးရင်...ငါ.ကိုမမေ.နဲ.နော်၊မင်းကြီးပွားရင်တဲ့။
အဲဒါနဲ.သူကကျွန်တော်.ကိုသူ.အကြောင်းရင်ဖွင်တယ်ဗျာ....သူကဘာကြောင်.ဒီလိုဖြစ်ခဲ့ရတယ်ဆိုတာ
ပြောပြတယ်...သူ.မှာကအမွှာအစ်ကိုရှိတယ်တဲ့၊သူကတော.အကြီး...သူတို.အသက်20လောက်အချိန်
မှာ...သူ.ညီကသူ.ကိုဘာပြောသလဲဆိုရင်...အစ်ကိုတဲ့၊အစ်ကိုနဲ.ငါနဲ.ဘယ်သူကပိုကြီးပွားမယ်၊ဆိုတာ
ပြိုင်မလား...ဆိုပြီးညီကပြောတယ်။သူကလည်းအကြီးဆိုတော.၊ဘယ်အောက်ကျခံမလဲ..တို.မြန်မာစကား
လိုပြောရမယ်ဆိုရင်..စိန်လိုက်လေညီလေး..လို.ချက်ချင်းဘဲ၊သူ.ညီရဲ.စိတ်ခေါ်မူ.ကို၊ကြိုဆိုလိုက်တယ်။
ဒီလိုနဲ.သူတို.နှစ်ယောက်က၊လခစား၊အချိန်စားအလုပ်တွေလုပ်ရင်းနဲ.ငွေစုကြတယ်...သူ.ညီက
ဘယ်လိုလုပ်သလဲဆိုရင်....ကျွန်တော်.ဆရာက၊ဆေးလိပ်...အရက်၊ကြိုက်တယ်၊ဒါကိုညီဖြစ်သူက
အခွင်.ကောင်းယူပြီး၊အစ်ကိုကဆေးလိပ်တစ်ဗူးဝယ်ပြီဆိုရင်....ညီကအဲဒီဆေးလိပ်ရဲ.တန်ဖိုးအတိုင်း
စုထားတတ်တယ်တဲ့၊တွက်မယ်ဆိုရင်..ဆေးလိပ်တစ်ဗူးရဲ.တန်ဖိုးက...သုံးဒေါ်လာနီးပါရှိတယ်..
..................အပိုဒ်နှစ်ဆက်ရန်.........

Monday, August 11, 2008

ချစ်သူမဟုတ် သော ချစ်သူအတွက်..

ပြန်ဆုံမယ် တစ်နေ.မှာ
အကြိမ်ကြိမ် ရွတ်ဆို
မင်းနဲ.ဝေးသွားခဲ့တဲ့ နေ.
လက်ရေချိုးကာ ရေတွက်နေ
မင်းခု..ဘယ်မှာလဲ..
မင်းဘာတွေလုပ်နေလဲ
ငါ.အကြောင်း မင်းနှလုံးသားမှာ
တည်ရှိနေဆဲလား
ရိုးရိုးလေးနဲ. မင်းနဲ.ဆုံတွေ.ခဲ့တယ်
ဒါပေမယ်. ငါ.နှလုံးသား၊ငါ.စိတ်ထဲမှာ
ထူးဆန်းစွာ လူပ်ရှားလို.နေပြီ
ခိုင်မာတဲ့ သံယောဇဉ်လေး
ရစ်ဖွဲ.လာတော.မှ၊မင်း အဝေးတစ်နေရာကို
ထွက်ခွာသွားလေတော.၊
တည်ဆောက်ဆဲ၊ကမ္ဘာတစ်ခု
ပြိုပျက်ခဲ့ရတယ်...ပြန်ဆုံဖို.ခက်မယ်
သိမြင်နေလည်း၊မိုက်ရူးရဲစွာ
စောင်.မျှော်နေဆဲ....မင်းသိပါစေ
ငါလွမ်းနေတဲ့အကြောင်း
ငါ စောင်.မျော်နေတဲ့အကြောင်း
မမေ.နိုင်သေးသရွေ.
တန်ခိုးရှင်ဘုရားများ ကူညီလှဲ.ပါ
သူအမြန်သိစေ...ကြားစေတော.လား
ရင်မော.လှပြီ...မိန်းကလေးရယ်.....။

Thursday, August 7, 2008

ဟိုတုန်းက ကျောင်းဆင်းချိန်

ကလင် ကလင် လင်...ခေါင်းလောင်းထိုးသံကြားတာနဲ. ဘာကိုမှ မကြည်.တော.ဘူး
လွယ်အိတ် ကလေးကိုကောက်လွယ်ပြီး အိမ်ကိုတန်းပြေး တော.တာဘဲ...အိမ်နဲ.က
ကျောင်းအထိ တစ်မိုင်လောက်ဝေးတဲ့ နေရာကိုခြေလျင် နဲ.ကျောင်းတက်ခဲ့ရတဲ့ ဘ၀။
ကျွန်တော် 6 နှစ်သားအရွယ်ကနေ မိသားစုနဲ.ကွဲခဲ့ရတယ်...ကျွန်တော.အဖေက
နောက်အိမ်ထောင်ပြုပြီး အမေ.ကိုထားခဲ့တဲ့အချိန်ကနေ စပြီးဆိုပါတော.၊မောင်နှမတွေ
အားလုံးတစ်ကွဲတစ်ပြားစီ....15နှစ်လောက် ကြာတဲ့အချိန်ကျမှ မိသားစုတွေ စုံစုံလင်လင်နဲ.
ပြန်တွေ.ခွင်.ရတယ်..ဒီလိုနဲ.တစ်ယောက်ထဲ အဒေါ်တို.အိမ်မှာ ကြီးပြင်းလာခဲ့တဲ့ အချိန်တွေမှာ
ဘယ်လိုရုန်းကန်ခဲ့ရတယ် ဆိုတာကို..ဒီဘလောဒ်. ပေါ်မှာ ရေးသားချင်စိတ် ဖြစ်ပေါ်လာလို.
ရင်ဖွင်.မိတော.တယ်...။ကျောင်းဆင်းပြီး အိမ်ပြန်ရောက်ရောက်ချင်းဘဲ...လုပ်စရာတွေကို
ခပ်မြန်မြန် လုပ်လိုက်တယ်...ရေခပ်ရတယ်...ထင်းခွဲရတယ်...၀က်စာခုတ်ရတယ်...ပြီးတော.
အပင်ရေလောင်း..တစ်ခါတစ်လေ ထမ္မင်းပါချက်ရသေး...ဒါတွေက နေ.တိုင်းလုပ်ရတဲ့အလုပ်။
ပြီးပြီဆိုတာနဲ. ဧရာဝတီမြစ်ထဲ သွားပြီး ရွှေသွားကျင်တယ်...မုန်.ဖိုးရှာတယ်ဆိုပါတော.၊
အမေက တော. အဝေးကနေ ၊သူ. သားသမ္မီးတွေကို အနည်းနဲ.အများတော. ပို.ပေးရှာပါတယ်။
ဒါပေမယ်.ကျွန်တော်ကတော. အမေ ပို.ပေးသမျှကို စုဘူးလေးနဲ. စုထားတယ်၊မသုံးခဲ့ဘူး။
အဲ..ကျောင်းပိတ်ရက်တွေ ကျပြန်တော. ရေခဲချောင်း ရောင်းသေးတယ်ဗျ..မိုးရွာတဲ.နေ.တွေ
မှာတော. မရောင်းဘူး။သူများခြံထဲကို နေ.စားအလုပ် လုပ်လိုက်သေး၊ဒီကြားထဲ ကရာတေး
က လည်းသင်လိုက်သေး...သိုင်း ရူးရူးလို. ခြံထဲက ငှက်ပျော ပင်တွေကို လျှောက်ကန်ရင်း
နဲ. ကြာလာတော. ငှက်ပျောပင်လည်း သေရော အရိုက်ခံရတာကလည်း အကြိမ်ပေါင်း မနည်း
တော.ဘူး။မှတ်မှတ်ရရ ကျွန်တော် (ရ) တန်းနှစ်တုန်းက ကျွန်တော်. စုဘူးလေး အခိုးခံရသေး
တယ်.ငိုလိုက်သည်ဖြစ်ခြင်း..တစ်ပတ်လောက် အထိ ကို ၀မ်းနည်းလို.မဆုံးဘူး။ပင်ပင်ပန်းပန်း
ရှာပြီး စုထားတဲ့ ပိုက်ဆံဆိုတော. အခုထိအမှတ်ရနေတုန်း၊ စုဘူးလေးထဲကို တစ်ခါထည်.လိုက်တိုင်း
လက်နဲ.ကိုင်ပြီး လုပ် လုပ် ကြည်.လိုက်သေး...ဘယ်လောက်များလာပြီလဲပေါ.။
ကျောင်းခန်းထဲမှာ ဆိုရင် ကျောင်းမဆင်းခင် ကတည်းက ဘာပြီးရင်ဘာလုပ်ရမယ် ဆိုတာ
အစီအစဉ်တွေက ဆွဲထားပြီးသား..။ကျောင်းဆင်းလို. အိမ်ပြန်ရောက်တော. ကျွန်တော်
အမြဲတမ်း မျော်တတ်တဲ့ အရာ တစ်ခုရှိတယ်...အမေ.ဆီက စာရယ်..ညီမတွေဆီက စာရယ်
ရောက်များရောက်မလား ဆိုပြီး မျော်နေမိတတ်သေး တယ်ဗျာ..စာရောက်တဲ့ နေ.မှာတော.
ပျော်လိုက်သည်ဖြစ်ခြင်း....စာတွေကို ဖတ်ပြီး ၀မ်းသာလွန်းလို. မျက်ရည်တောင်ကျတယ်
အမေက အမြဲတမ်း အားပေးစကားတွေပြောနေကျလေ..စုံစုံလင်လင်နေရဖို. သိပ်မကြာတော.
ပါဘူး..သည်းခံငါ.သားရယ်..ဆိုတဲ့စကားလုံးဟာ....ကျွန်တော်.အတွက် ဘာနဲ.မှမတူတဲ့
အားဆေးတစ်ခွက်ပါဘဲဗျာ..ဟိုတုန်းက ကျောင်းဆင်းချိန် ဆိုတဲ့ ခေါင်းစဉ်လေးကို ပေးပြီး
ခုလိုပြန်ပြီးတော.ရေးချ လိုက်တော. စိတ်ထဲမှာကြည်နူးမိသလို ဖြစ်နေမိတယ်...
...............................အပေါင်းအသင်းများတို.ရေ............

ထွက်ပေါက်

.....စိတ်ညစ်နေချိန်တွေမှာဘာနဲ.ဖြေသိမ်.လဲလို.၊သူငယ်ချင်းတစ်ယောက်ကမေးဖူးတယ်။
ဘာနဲမှမဖြေသိမ်.နိုင်ပါဘူးဟာ...ကိုယ်စိတ်ညစ်ရင်ဖြေစရာမရှိဘူးလို.ပြန်ပြောမိခဲ့ဘူးတယ်။
ဒါပေမယ်.ခုချိန်မှာတော.အဲဒီမေးခွန်းကိုဖြေရမယ်.အကြောင်းပြချက်တွေတန်းစီနေမလားဘဲ....၊
အကောင်းဆုံးအဖေါ်တွေ၊မရှိမဖြစ်လိုအပ်တဲ့အဖော်တွေကျွန်တော်.ပတ်ဝန်းကျင်မှာ
အများကြီးရှိနေပြီလေ။တစ်ခါတစ်လေစိတ်ညစ်ပြီဟေ. ဆိုရင် တစ်ယောက်ယောက်နဲ.
အကြာကြီးဖုန်းနဲ.စကားပြောလိုက်တယ်..တစ်ခါခါကျတော. ကာရာအိုကေသွားပြီး အစွမ်းကုန်
အော်ဟစ်ပစ်လိုက်တယ်..တစ်ခါခါကျပြန်တော. ဘာမှမလုပ်ဘူး၊ထိုးအိပ်လိုက်တာဘဲ။တစ်ရေးနိုး
တော. စိတ်ဖြေလက်ပျောက် စာရေးတယ်...စာဖတ်တယ်...။ပြီးရင် စဉ်းစားခန်းဖွင်.တယ်...
အဖော်ဆိုတဲ့အကြောင်း၊ခေါင်းထဲဝင်ရောက်လာတယ်....ကိုယ်.အတွက် အကောင်းဆုံးအဖော်ကဘာလဲ...ဘယ်သူလဲ..?တိကျတဲ့အဖြေ၊ရှာမရပေမယ်. စိတ်ရဲ.ထွက်ပေါက်ကိုတော.
ရှာဖွေနိုင်ခဲ့တယ်...ကိုယ်.စိတ်ကို ကိုယ်အစွမ်းကုန် ဖြေဖျောက်တယ်...မရရင် ရတဲ့နည်းနဲ.
ဖြေတယ်..အရင်တုန်းကဆိုရင် စိတ်ညစ်ရင် ဂစ်တာတီးတယ်..ဂစ်တာကြိုးငြိမရလို. ဂစ်တာကို
ရိုက်ချိုးပစ်တာမျိုးတွေတောင်ရှိခဲ့သေးတယ်..အမလေး နှမျောလိုက်တာ...ပြန်စဉ်းစားကြည်.တော.
ဒါပေမယ်. လူတိုင်းလူတိုင်းဟာ သူ.အသက်အရွယ်နဲ.သူ အချိန်တန်တော.ရင်.ကျက်မူ.ဆိုတာ
ရှိလာတယ်ဆိုတာ...မှန်လိုက်လေခြင်း။တစ်ခါခါကိုယ်.အသက်အရွယ်ကိုသေချာ ပြန်စဉ်းစား
ခါမှ (ဟာ)ငါမငယ်တော.ပါလား...စိုးထိတ်မူ.တွေ နှလုံးသားထဲ၊မှာဖြစ်ပေါ်လာမိတယ်..ဘာလို.လဲ
ဆိုတော.၊ခုထက်ထိ ထူးထူးခြားခြား အောင်မြင်မူ.ဆိုတာ မပိုင်ဆိုင်နိုင်သေးဘူးလေ..ဒါကိုစဉ်းစား
နေရင်းနဲ. မသိစိတ်ထဲကနေ...အောင်မြင်မူ.လမ်းကြောင်းပေါ် ဖောက်ထွက်နိုင်မဲ့ လမ်းကြောင်း
ကိုရှာဖွေနေမိတယ်...၊မလွယ်ပါလား.....ဗျာ

ဆော်းရီးနော်

ကျွန်တော်မြစ်ကြီးနားမှာနေခဲ့တုန်း အစွဲအလန်းကြီးတဲ့ ရှေးလူကြီးတွေအကြောင်းတော်တော် လေးကို
သိခဲ့ရတယ်..အဲဒီထဲက အကြောင်းအရာတစ်ခုပြောပြချင်တယ်..ဘာများပါလိမ်. လို. စဉ်းစားမနေနဲ.
အမလေး...အံ့သြဖို.ကောင်းတယ်..ဘာလဲဆိုတော. အဲဒီဘက်က လူမျိုးတွေက တစ်မျိုးဟ
ကုလားဆိုရင်.....အသေမုန်း..မုန်းသလားမမေးနဲ.၊ကုလားဆိုင်မှာသူများထက်ဈေးပေါ တယ်ဆိုရင်
တောင်...အံမယ်...မ၀ယ်ဘူးဗျ..တစ်ခြားဆိုင်မှာ ဈေးကြီးပေးဝယ်တတ်ကြတယ်။ဘာမှန်းလဲမသိဘူးနော်..
ရီစရာလေးပြောပြအုံးမယ်...တစ်နေ.၊ညဘက်မှာ ကယ်ကြပါအုံး၊ကယ်ကြပါအုံး..ဆိုပြီး လူတစ်ယောက်ရဲ.
အကူအညီတောင်းသံ ကြားရတယ်..။အဲဒီလူက ပေ ၃၀ လောက်နက်တဲ့ ရေတွင်း တူးလက်ဆ ဖြစ်နေတဲ့
ကြွင်း ထဲကို ပြုတ်ကျနေပါသတဲ့..။ဒါနဲ. ကပ်လျက်အိမ်ဘက်က အဘိုးကြီးတစ်ယောက်က အရင်
ဓါတ်မီးလေးကိုင်ပြီ ထွက်လာတယ်..အသံအော်ရာ နား လည်းရောက်တော. ဟိုဟိုဒီဒီ မီးထိုးရှာကြည်.
တယ်..မတွေ.တော. တွင်းထဲကို ထပ်ပြီး ထိုးကြည်.တယ်...သိပ် မသဲကွဲသလို ဖြစ်နေလို.
သေချာအောင်ထပ်ပြီး ကြည်.တော. ပြောလိုက်တဲ့စကားကို ကသဘောကျတယ်ကွာ..ကုလားတစ်ယောက်
ရေတွင်းထဲပြုတ်ကျနေတာကိုလည်းတွေ.ရော...အဘိုးကြီးက သူ.ကိုပြောလိုက်တယ်...
အောင်မလေး..လူမှတ်လို.ကြည်.နေတာ.....ကုလား ဖြစ်နေတာကိုး..ဆိုပြီး
ဆော်းရီး ဟေ.ကောင် ၊မကယ်နိုင်ဘူးဟေ.၊နေခဲ့ ဆိုပြီး လှည်.ပြန်သွားသတဲ့ဗျာ....။

Monday, August 4, 2008

အချစ်ကြီးတာ...ဘယ်သူလဲ

ကိုယ်.ကိုကိုယ် တစ်ခါတစ်လေတော. ဒီလိုစိတ်မျိုးဖျောက်နိုင်ရင်အကောင်းသား လို.
ကြိမ်ဖန်များစွာ စဉ်းစားခဲ့ဖူးတယ်...ဒါပေမယ်. ဘယ်လိုမှ မဖျောက်နိုင်ဘူး..ဒေါသကလည်းကြီးပါ.
အတ္တကလည်းဆန်...ကဲ ဘယ်လိုလုပ်မလဲ ....ကောင်းသလား....ဘာမဆိုကိုယ်.သဘောနဲ.ကိုယ်
လုပ်ခဲ့တာတွေချည်းဘဲ..လုပ်ချင်ပြီဟေ. ဆိုရင်ဘယ်သူ.မှမတိုင်ပင်ဘူး...တိုင်ပင်လည်းဘာထူးမှာလဲ
ဒီကကောင်က ဇွတ်....သူငယ်ချင်းတွေကတော.ကိုယ်. အကြောင်းသိနေလို.တော်သေးတယ်...
ဒါပေမယ်. ဘယ်နေရာအားနည်းလဲဆိုတော.(အချစ်မှာ)..ချစ်တတ်လွန်းအားကြီးတော.
အလိုလိုက်တယ်...ဂရုစိုက်တယ်...ပြီးတော. ၊ မျက်စိအောက်က အပျောက်မခံချင်...၊ဒါတွေတင်မက
သူလိုအပ်မယ်.အချိန်တိုင်း အချိန်မရွေး အသင်.ရှိနေတတ်သေး၊ သ၀န်တိုတတ်တဲ့နေရာမှာတော.
နှစ်ယောက်မရှိဘူး..အဲဒီစိတ်ကြောင်.ဘယ်တော.မှ ရည်းစားနဲ.မမြဲဘူးလေ...ဒုက္ခဘဲနော်..
ဘာကြောင်.ဒီလိုဖြစ်လဲဆိုတော.၊ဘယ်သူ.ကိုမှအယုံအကြည်မရှိသလို ပြီးတော.ကိုယ်.ကိုကိုယ်
လူတတ်ကြီး လိုလိုပေါ.၊စိတ်ညစ်စရာကြီးနော်...(ဟေ.ကောင်) မင်း အဲဒီစိတ် ဖျောက် ဆိုပြီး ......
ကိုယ်.ကိုကိုယ် သတိတွေပေးနေပေမယ်. မရဘူး၊ဇွတ် ပြီးရင်း ဇွတ်ဘဲ။ပြောလိုက်ရင်တော.
စကားကြီး စကားကျယ် ...ဒါကကျွန်တော်.ရဲ. အားနည်းချက်လို.ဆိုရပါမယ်...ဒါပေမယ်.
သေချာတာ တစ်ခုကတော. အရမ်းချစ်တတ်တယ်။ကိုယ်ချစ်တတ်သလို တစ်ချိန်ချိန်မှာ ကျွန်တော်.
နှလုံးသားထဲကို ခိုဝင်လာမယ်. ကောင်မလေးကိုလည်း၊ကိုယ်.အပေါ်အရမ်း ချစ်တတ်နိုင်ပါစေလို.
ကြိတ်ပြီး တောင်းဆုတွေပြုနေမိတော.တယ်ဗျာ...။ကျန်တဲ့နေရာမှာတော. အဲလိုကြီးမဟုတ်ရပါဘူးနော်။
သဘောကောင်းတယ်လို.ပြောကြတယ်..ဟဲဟဲ(အာလူး)...အချစ်ခြင်းတူရင် မောင်မောင်တို.အရှူံး
ပေးလိုက်မယ် ဆိုတာ ကြားဖူးကြမှာပေါ.၊ဆော်းရီးဘဲ ဒီကကောင်ကတော.၊
အချစ်ခြင်းတူရင် ကိုရှိန်းတို.ကတော. love paradise ရောက်ပြီလို.သာ မှတ်လိုက်တော.၊
ပြီးပြည်.စုံတဲ့ ဘ၀တစ်ခုကို တည်ဆောက်လို.ရပြီလေ..ဘာကြောင်.လဲဆိုတော.၊သူ.အချစ်နဲ.
ကိုယ်.အချစ် တူနေမှတော.(ကဲ့) ဘာလိုသေးလဲ ..ကဲသာကဲ........................၊.........

Sunday, August 3, 2008

ဖြစ်စေချင်တယ်ကွာ..သူများလို

ကျွန်တော်မြန်မာပြည်သား...ကိုယ်.နိုင်ငံကိုချစ်တာကလည်း လွန်ရော....
မတိုးတက်ပေမယ်. သူများနိုင်ငံရောက်ရင်တော. ရွှီးတာဘဲ...တို.နိုင်ငံဘယ်လိုကောင်းတာ
ဘယ်လောက်ပျော်ဖို.ကောင်းတာ...ကိုယ်နိုင်ငံကို ချီးမွမ်းမိတာဘဲ....၊ဒါပေမယ်.နုတ်ဖျားကနေဘယ်
လောက်ဘဲ ဟန်ဆောင်ကာ မုသာစကားပြောနိုင်ပေမယ်.၊ နှလုံးသားမှာတော. မျက်နှာငယ်
ခဲ့ရတယ်။ သူများနိုင်ငံရောက်မှ ကိုယ်.နိုင်ငံအပေါ် ဖြစ်စေချင်တာတွေ အများကြီး ....
ကျွန်တော်တို.နိုင်ငံဟာ တစ်ကယ်လုပ်မယ်ဆိုရင် သူများထက်တော.မနှိမ်.တာသေချာတယ်..
ခုခောတ်မှာတိုးတက်နူန်းတွေလျင်မြန်နေတော.လူနေမူ. စရိတ်ကလည်း တစ်ဖြည်းဖြည်း
မြင်.မားလာတယ်...ဒီလိုနဲ. ကိုယ်.နိုင်ငံမှာ ကိုယ်.လုပ်အားခ နဲ.မလောက်မဌ ဖြစ်လာတော. ဘာစဉ်းစားကြလဲ...နိုင်ငံခြား တိုင်းတစ်ပါးကို ထွက်ပြီး အလုပ်လုပ်ကြရတော.တယ်..
နိုင်ငံခြားသွားတော. မချစ်သော်လည်း အောင်.ကာနမ်း ဆိုသလိုပေါ.၊သူများလက်ငြိုးညွှန်ရာ
လုပ်ပေးရတဲ့ ဘ၀...။ပိုက်ဆံရတယ် ဆိုတာမှန်ပေမယ်. ဘယ်လောက်ပျော်နိုင်မလဲနော်...
ကျွန်တော်လက်တွေ. ကြုံခဲ့တဲ့အဖြစ်လေးကိုလည်း ပြောပြချင်မိသေးတယ်...လေဆိပ်မှာဆို
ပါတော.။ထိုင်းလေဆိပ်မှာပါ...imegration counter မှာကျွန်တော်. Passport တင်လိုက်တယ်..
myanmar ဆိုတာနဲ. နှာခေါင်းကို ရှူံ.သွားတာပါဘဲ..ကျွန်တော်.အနောက်က တစ်ယောက်က
အနောက်နိုင်ငံက လူထင်ပါရဲ. ၊အမလေး ။သူ.ကျတော.ပြောမနေနဲ.။မျက်နှာပေးကချိုလိုက်တာ
ခေါင်းကလည်း တညိမ်.ညိမ်.နဲ.၊ပါးစပ်ကြီးကလည်း ဖြဲပြီးကိုရီလို.၊ ပြုံးလို.။အတွေးထဲမှာ ဒေါသ
တစ်ခု ၀င်ရောက်လာတယ်..။ဒီကောင်.စောက်ခွက်ကြီးကို ပစ်ထိုး လိုက်ရလို.၊ဆိုပြီးပေါ.၊..
တစ်ခြားနိုင်ငံသွားရင်လည်းဘဲ သိပ်မထူးပါဘူးဗျာ..မြန်မာဆိုတဲ့ နိုင်ငံကူးလက်မှတ် စာအုပ်က
မျက်နှာပန်း မလှလိုက်တာဗျာ...ကျွန်တော်လေ ဒါမျိုးတွေ တွေ.ကြုံခဲ.ရတော. ကိုယ်.နိုင်ငံကို
အရမ်းတိုတက်စေချင်တယ်...ဘယ်နေရာသွားသွား ၀ံ့ဝံ့ကြွားကြွားလေးနဲ. ရင်ကော.ပြီး
လေလေးတစ်ချွန်ချွန်နဲ.၊ဘယ်လောက်ကောင်းလိုက်မယ်ဖြစ်ခြင်း။ခောတ်မှီဖွံဖြိုးတိုးတက်သော
မြန်မာနိုင်ငံတော်သစ် ဆီသို.၊ဒီဆောင်ပုဒ်လေး ဘယ်တော.များရောက်လာမလဲနော်.....
သူများနိုင်ငံသားတွေနဲ. ရင်ဘောင်တန်းနိုင်မယ်. အချိန်အခါ အမြန်ဆုံးရောက်စေချင်စမ်းပါဘိ...ဗျာ.၊
................................15454454814.......................................................