Thursday, July 31, 2008

ကျွန်တော်.ရဲ. ရင်ထဲက 528

ကျွန်တော်ရင်ထဲမှာ ထာဝစဉ်တည်မြဲနေမယ်.မေတ္တာ
ဘယ်တော.မှလည်း ပြောင်းလဲမသွားနိုင်မယ်. စိတ်
အသက်ရှင်နေသမျှကာလပတ်လုံး တတ်နိုင်သမျှ ပံ့ပိုးနိုင်အောင်
နှလုံးသားမှာ တည်ရှိတည်မြဲနေတဲ့ အဖြူရောင် နှလုံးသားကို
သူတို.အတွက် နေရာပေးထားတယ်..။ဖျောက်ဖျက်လို.လည်းမရဘူး..
သူ.အလိုအလျောက် ပေါ်ပေါက်လာတယ်...ဘာ.ကြောင်.လဲ.........၊
ကျွန်တော်.ဘ၀ကို ကျွန်တော်ပြန်ပြန်တွေးတိုင်း ကိုချင်းစာတယ်...
ဘယ်သူ.အပေါ်မှာမှ အဲလိုစိတ်ထားမရှိခဲ့ဖူးတာအမှန်..ဘယ်သူတွေလဲ...?
ဘ၀ပေးအခြေအနေတွေ မလှပခဲ့သူတွေ အတွက် ကိုယ်.ဘ၀နဲ.နိုင်းယှဉ်ပြီး
ထပ်တူ ထပ်မျှခံစား မိလို.ပါဘဲ..။ကျွန်တော် ကောင်းစားနေလို.မဟုတ်ရပါဘူး..
ကျွန်တော်သာမန်လူသား။ပြောရရင် ငမွဲထဲက ငမွဲ တစ်ယောက်..။
ဒါပေမယ်. ငွေရေးကြေးရေးနဲ.မဆိုင်ပါဘူးနော်...နှလုံးသားရှိသူတိုင်း မျှဝေနိုင်ကြပါစေလို.
ဆုတောင်းပါတယ်...ယ္ခုဘ၀အဆင်မပြေ မကောင်းစားရင်တောင် နောင်ဘ၀မှာတော.
ထိုက်တန်တဲ့ အကျိုးသက်ရောက်မူ.တော. ခံစားရမယ်ဆိုတာ အသေအချာပါဘဲ..။
ကြိုမသိနိုင်တဲ့အနာဂတ်ကို ကြိုတင်ပြင်ဆင်မူ.တွေ လုပ်ထားတယ်ဆိုတဲ့သဘောပေါ.ဗျာ..။
လူတိုင်းလူတိုင်းဟာ လုပ်ချင်ရာလုပ်ကြတယ်..ဒါပေမယ်.လူတိုင်မလုပ်နိုင်သေးတဲ့ အရာ
ရှိနေသေးတယ်...သူတစ်ပါးကို အထူးသဖြင်.(ချို.တဲ့)သူတွေကို ကိုယ်ဘယ်လောက်
ကူညီမစ ဖူးပြီလဲ...အစာငတ်မွတ် နေသူတွေကို ထမ္မင်းတစ်နပ် ကျွေးဖူးပြီလား...
ကျွန်တော်တစ်ခါတစ်လေ ဒါတွေကိုတွေးပြီးစိတ်မကောင်းဖြစ်မိတာတော.အမှန်ဘဲ....
ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့သူတွေအပေါ် အမြင်ကျဉ်းကြတယ်....မတူသလိုမတန်သလို..
အားလုံးတော. မဟုတ်ဘူးပေါ.လေ...များသောအားဖြင်.ပေါ.။လောကမှာသက်ရှိ ထင်ရှား
ရှိနေတုန်း ကောင်းတာလေးတွေ ဘာလုပ်ပြီးပြီလဲ...အကယ်၍မနက်ဖြန် ဒီလောကကြီးထဲကနေ
စွန်.ခွာသွားခဲ့တော.မယ်ဆိုရင် ဘယ်လိုလုပ်မလဲ...စဉ်းစားကြည်.မိရင်၊တွေးကြောက်စရာ...
မိမိကိုယ်ကို မိမိချစ်တတ်သလို...သူတစ်ပါးကိုလည်း ကိုယ်နဲ.အမျှ ချစ်နိုင်ရင်အကောင်းသားနော်..
ဒီလိုဆိုရင် ဒီလောကမှာ ဘယ်လောက်လှပလိုက်မလဲ..ဘယ်လောက်ကြည်နူးဖို.ကောင်းလိုက်မလဲ..
အနာဂတ်အတွက် ပြင်ဆင်ကြပါစို.၊တမလွန်ဘ၀အတွက် စဉ်းစားကြပါစို.၊သူတစ်ပါးအတွက်
ဘာမှ မလုပ်ခဲ့ဖူးသေးရင် ယ္ခုအချိန်တွေရှိနေတုန်း လုပ်ကြပါစို.လား၊
လူသားတိုင်း လူသားတိုင်းအပေါ် မျှတသော အကြင်နာ မေတ္တာ တွေရှိစေချင်သော ဆန္ဒဖြင်.
(......ကျွန်တော်.ရဲ.နှလုံးသားထဲက ၅၂၈ မေတ္တာ........)

Monday, July 21, 2008

ကံကောင်းလို.ပေါ.ဗျာ

အမေရယ်...ကျွန်တော်ရယ်..မြို.နယ်တစ်ခုကိုရောက်သွားတယ်..။သူစိမ်းနယ်မြေဆိုတော.
ဟိုဟိုဒီဒီလိုက်ငေးတာပေါ.ဗျာ..။ဖြစ်ချင်တော.ကျွန်တော်တည်းတဲ့အိမ်ချင်းကပ်က မိန်းကလေး
တစ်ယောက်နဲ.တစ်ခဏအတွင်းရင်းနှီးခွင်.ရခဲ့တယ်လေ..။မကြာပါဘူး 4 ရက်ဘဲရှိသေးတယ် သူနဲ.ချစ်သူရည်းစားဘ၀ကိုရောက်သွားတယ်..။မြန်တယ်နော်..။ဒီလိုနဲ.သူနဲ.ချစ်သူရည်းစားဖြစ်ပြီး
3 ရက်အကြာမှာ သူ.အိမ်ကသိသွားတယ်ဗျာ..သူ.အိမ်မှာသူကအငယ်ဆုံး..။ကျန်တာအစ်ကို5 ယောက်ရှိတယ်..။တစ်ဦးတည်းသောသမ္မီးလည်းဖြစ်ဆိုတော.၊သူ.ကိုဖူးဖူးမူတ်ထားကြတာပေါ.။
ကျွန်တော်.ကိုဘာညာဆိုပြီး ကျိန်းမောင်းပါတယ်..။ကျွန်တော်လည်း ဘယ်ရမလဲ၊ယောင်္ကျားဘဲ မရှိမဲ့ရှိမဲ့သတ္တိတွေစုပြီ...အမောက်ထောင်ပြလိုက်ရတယ်...။သုံးလေးရက်ကြာလာတော. ကျွန်တော်.ကိုသူတို.အုပ်စုနဲ.၀ိုင်းပြီး ထွက်ပေါက်ကိုမရှိအောင် အပိတ်ခံလိုက်ရတယ်..
လက်ထဲမှာလည်းဓားတွေ၊ဒုတ်တွေ ကိုယ်စီနဲ.၊ကျွန်တော်.မှာ ရွေးစရာလမ်းမရှိတော.ပါ.။
ရင်ဆိုင်ရတော.မယ်။အားကိုးစရာဘာမှမရှိတော.ပါ...။ဒီအချိန်မှာ ကျွန်တော်.အမေကအနားနား
ရောက်လာပြီးဓါးတစ်ချောင်းပစ်ပေးတယ်...။အားနည်းနည်းရှိသွားတယ်..။အမေ.ကိုတွန်းဖယ်
ထားလိုက်ပြီး ရင်ဆိုင်လိုက်တယ်..။သူတို.တွေကအားလုံး 11 ယောက်။မတတ်နိုင်ဘူး..၊ဟိုဟိုဒီဒီ ကြည်.ပြီးတော.၊ထွက်ပေါက်ကိုလည်း ရှားထားရတယ်...။မထူးတော.ဘူးဆိုပြီးကိုယ်ကအရင် လက်ဦးမူ.စယူလိုက်တယ်..။2ယောက်ဆက်တိုက် ကိုဓါးနဲ.စပြီး ထိုးထည်.လိုက်တယ်...
ကိုယ်.ဘက်ဝင်လာတဲ့သူကို လည်းသတိနဲ.ထားပြီး နေနေရတယ်..အဓိကဓါးကိုင်ထားတဲ့
သူတွေကို...၊ဆက်ပြီး လက်လှမ်းမှီသမျှကို လိုက်ရမ်းထိုးတယ်...လေး၊ငါးယောက်တော.
ကိုယ်.လက်ချက်နဲ. ဓါးစာမိသွားပြီ...တစ်ချိန်တည်းမှာဘဲ ကျန်တဲ့သူတို.အားလုံးကလည်း
ကျွန်တော်.ကိုတစ်ပြိုင်တည်း ဓါးနဲ.လှမ်းထိုးတော. ကျွန်တော်. ခန္ဓာကိုယ်မှာ သုံးလေးဆင်.
ဆက်တိုင်ဝင်သွားတယ်...ချက်ချင်းဆိုသလိုသိလိုက်တယ်...ကျွန်တော် သေရတော.မယ်ဆိုတာ..
ဆက်တိုက်ဘဲ သူတို.ကကျွန်တော်.ကိုအသက်ထွက်သွားအောင် ဆက်တိုက် ဆက်တိုက် ဓါးနဲ.
ထိုးတော.တာပါဘဲ....၊ခေါင်းထဲမှာ အတွေးဝင်လာတာက..ကျွန်တော်.ချစ်သူရယ်..အမေရယ်၊ထာဝရ ခွဲခွာရတော.မယ်ဆိုတာသိလိုက်တယ်..၊နောက်ဆုံးခွန်အားသုံးပြီးနီးကပ်တဲ့တစ်ယောက်ကိုပိုင်းလိုက်တယ်...
ကျန်တဲ့သူတွေကလည်းကျွန်တော်.ကို ဓါးကိုယ်စီနဲ.ထပ်ဝင်လာတယ်...ကျွန်တော်.မှာ
ရှောင်ဖို.ခွန်အားမရှိတော.ပါ..။နောက်ကနေ၀င်လာတဲ့တစ်ယောက်က ဓါးအရှည်ကြီးနဲ. အားရပါးရ ကျွန်တော်.ကိုခုတ်ထည်.လိုက်ပါတော.တယ်...။သွေးတွေကျွန်တော်.ကိုယ်ခန္ဓာထဲကထွက်တဲ့သွေးတွေ...၊
ကျွန်တော်ဘာကိုမှမမြင်ရတော.ပါ။မြေကြီးပေါ်မှာပြားပြား ...ကျွန်တော်.လူ.ဘ၀သက်တမ်းက ဒါနဲ.တင်ပြီးတော.မယ်ထင်နေတာ...၊မပြီးဘူးဟ...၊ကျွန်တော်မသေဘူးဗျာ...အိမ်မက်ကနေ လန်.ဖျန်.ပြီးနိုးလာတယ်လေ...အမလေး ကံကောင်းလို.ပေါ.ဗျာ....ဖွဟဲ့ လွဲပါစေ လို.၊ချွေးတွေကို သုပ်ပြီး၊ပြန်ထိုးအိပ်တော.တာဘဲ...ဟီ..။

Friday, July 11, 2008

အမှတ်တစ်ရ..ဇူလိုင်

..ငယ်ငယ်တုန်းကတော. အမှတ်မထားမိခဲ.ပေမယ်. ၊ အခုအသက်အရွယ်ရလာတဲ.အချိန်မှာ
ဇူလိုင်လရောက်တိုင်း ရောက်တိုင်း..အလိုလိုပျော်ရွှင်နေတတ်တယ်..၊ဘာရယ်လို.တော.
မဟုတ်ရပါဘူး...ဒီလောကကိုကျွန်တော် စပြီးအခြေချခဲ့တဲ့လ မို.လို.ပါ..မွေးနေ.ရောက်တိုင်း
ဘုရားမှာအမြဲဆုတောင်းတတ်တယ်...လိုချင်တာ...ဖြစ်ချင်တာမှန်သမျှ ဘုရားဆီမှာ...
တောင်းဆုပြုတော.တာဘဲ...ပြီးတော.၊အကောင်းဆုံးစိတ်ထားတွေပြုပြင်ကာ ...ကောင်းမူ.
ကုသိုလ်တွေလည်းလုပ်..နောက်ပြီးတော. အထပ်ထပ်အခါခါ ..အမေ.ကျေးဇူးတွေရေတွက်..
မွေးနေ.ရောက်တိုင်းအမေ.ပါးလေးကိုနမ်းနေကျလေ...အမေ.ခမျာ ဘုမသိ ဘမသိ..
ဘာဖြစ်လာပြန်ပြီလဲတဲ့..မေးနေကျ...အရမ်းချစ်ဖို.ကောင်းလိုက်တဲ့အမေ..ကျွန်တော်.ကို
မွေးထုတ်ပေးခဲ့တဲ့အမေ.ကိုလည်း မွေးနေ.ရောက်တိုင်း one table ကျွေးနေကျဆိုတော.
မိသားစုတွေနဲ.ပျော်လိုက်သည်ဖြစ်ခြင်း..ညနေပိုင်းကျပြန်တော.၊ သူငယ်ချင်းတွေနဲ.
စုပေါင်းကာ တစ်ခုခုကျွေးလိုက်ရမှ...ကျေနပ်နေတတ်တာလေ..။ပြုမူခဲ့တဲ့အပြစ်တွေကိုလည်း
ကောင်းမူ.ကုသိုလ်..အလှူဒါနတွေပြုပြီး မိမိကိုယ်ကိုမိမိ အမြဲ ၊ကျေနပ်နေတတ်တာလေ...
တစ်ကယ်.ကိုမမေ.နိုင်တဲ.ဇူလိုင်လ...အခုလည်းရောက်လာပြန်ပြီဗျာ..
ကျွန်တော်ဘာလုပ်မလဲ...နှလုံးသားထဲမှာ တန်းစီပြီးရှိနေတယ်...........၊
ရက်ပေါင်းအဝေးကြီးကနေ ကြိုပြီးမှန်းဆကာ...ကြိတ်ပြီးပျော်နေတတ်တော.
ကျွန်တော်.ရဲ.ဒီအမှတ်တစ်ရ ဇူလိုင်လကို....အမြဲစောင်.မျော်နေမိတတ်တာ...
ကျွန်တော်လွန်သလား...မလွန်ပါဘူးနော်...လိုအပ်နေတာတွေ..အများကြီးရှိနေပါသေးတယ်..။
အသစ်သောနှလုံးသားတွေ..အသစ်သောစိတ်ဓါတ်တွေ..အသစ်သောခွန်အားတွေ
ပေါင်းစုကာ....အများကြီးရုန်းကန်ရအုံးမယ်မဟုတ်လား...အနာဂတ်အတွက်အားသစ်တွေ
ထပ်မံမွေးဖွားပြီးပျော်ရွှင်ခဲ့ရတဲ့လဆိုတော. မေ.လို.မရတဲ့....
ကျွန်တော်ရဲ.အမှတ်တရဇူလိုင်လပေါ.ဗျာ................................................။

Monday, July 7, 2008

ရှင်သန်ခြင်းရဲ.နိဒါန်း

....သူငယ်ချင်းအနာဂတ်ကိုတွေးပြီး ခြေကုန်လက်ပန်းကျနေပြီလား......?
မိုးကောင်ကင်ကိုမျော်ကြည်.လိုက်ပါ .....ဘာတွေမြင်ရလဲ..
ဝေဟင်ပေါ်ပျံသန်းနေသောငှက်ကလေးများအားမြင်ပါလိမ်.မည်..။
အတောင်စုံတော.ကိုယ်တိုင်ရှာဖွေ စားသောက်နိုင်စွမ်း၏..
ပင်လယ်ရေသတ္တ၀ါများ၏ဘ၀ကို ခံစားကြည်.လိုက်ပါ..ဘယ်သူက
အစာကျွေးထားလဲ..ကုန်းနေသတ္တ၀ါများကို..လေ့လာကြည်.လိုက်ပါ....
ဘယ်သူ.အကူအညီမပါအလုပ်ဖြစ်နေကြသည်မဟုတ်လား.......
............. ..........သူငယ်ချင်း........ငါတို.သည်လူသား
ငါတို.သည်သူတို.ထက်သာ၏..ထက်မြက်တဲ့နည်းပညာ
မှားမှန်..အဆိုးအကောင်း ..ဝေဖန်ပိုင်းခြားနိုင်စွမ်း၏..
ဘာမှမလုပ်က..ဘာမှဖြစ်မလာ ၊ ပျင်းရိခြင်းသာမရှိခဲ့ပါလျင်
ပန်းတိုင်တစ်ခု၊အရောက်သွားဖို.ရာ..မဝေးတော.ပါ
ကိုယ် စိတ်ခန္ဓာ ဒုံးဒုံးချကာ လျှောက်လှမ်းကြည်.လိုက်ပါလား
..................................အိုသူငယ်ချင်း.........................




စိတ်ရဲ.စေရာ

အမှတ်မထင်တဲ့နေ.တစ်နေ.မှာမင်းနဲ.ဆုံတွေ.ခွင်.ရခဲ့တယ်..၊ဒါပေမယ်.
ထင်မှတ်ထားတာထက်မင်းနဲ.ပိုပြီးရင်နှီးခွင်.တွေရလာတယ်...
ငါ.အတွက်မင်းဟာအဖော်မွန်ကောင်းတစ်ယောက်ဖြစ်လာတယ်..
မင်းပြောခဲ့တဲ့စကားလုံးတွေ ငါ.အတွက် ရှင်သန်မူ.တစ်ခုအဖြစ်..
ငါ.နှလုံးသားထဲမှာ ခံယူတတ်လာတယ်...မင်းပြောသမျှတွေထဲမှာ
ငါသာယာစေခဲ့တယ်...မင်းကိုပိုပိုပြီးတန်ဖိုးထားတတ်လာတယ်..
ငါစိတ်ညစ်နေချိန်မှာ..မင်းဟာ ငါ.အနားနားမှာနေပြီးအားပေးနေသလို
ခံစားတတ်လာတယ်..မင်းနဲ.မတွေ.လိုက်ရတဲ့နေ.တွေမှာ
ငါ.နှလုံးသားထဲမှာ အမည်မသိဝေဒနာတစ်ခု ပိုက်ထွေးလိုက်ရသလိုပါဘဲလား..
မင်းနဲ.တွေ.ရင်ပြောမယ် ဆိုပြီးကြံကာထားတဲ့စကားလုံးတွေ...မင်းနဲ.
တွေ.ပြန်တော. ငါဘာကြောင်.ဆွံအ နေတတ်တာလဲ..
ငါပြောလိုက်တဲ့စကားလုံးတွေဟာ....မင်းအတွက် မသာယာမူ.ဖြစ်သွားမှာ
ကိုလည်း ..ငါအခုစိုးရိမ်တတ်လာပြီ...ငါ.နှလုံးသား ဘာဖြစ်နေပြီလဲ..
စိတ်ရဲ.စေရာကို ငါလွန်ဆိုင်နိုင်ပါ.မလား..ဘယ်အတိုင်းအသာထိ ငါ.စိတ်ကို
ငါထိန်းထားနိုင်မှာလဲ...ဒါပေမယ်.မင်းကိုချစ်တယ်ဆိုတဲ့စကား..
ငါဘယ်တော.မှ ဖွင်.မပြောမိအောင်တော. ငါထိန်းမှရတော.မယ်....၊
ဘာကြောင်.လဲ....မင်းစိတ်ဆိုးသွားမှာ တွေးပြီး ကြောက်လန်.နေမိတယ်လေ...၊
စိတ်ရဲ.အလိုကိုလိုက်ရင်း မင်းကိုဆုံးရူံးသွားမှာတော.ငါအဖြစ်မခံနိုင်ဘူး...
ချစ်နေမိပြီဆိုတဲ့ ငါ.နှလုံးသားထဲက ရင်ဖွင်.ချင်နေတာတွေကို..
သော.ခတ်သိမ်းဆည်းထားပြီး...ဖြူစင်တဲ့ သူငယ်ချင်းဘ၀လေးထဲမှာသာ...
တိတ်တစ်ခိုးလေးနဲ.ဘဲ မင်းကို ခင်မင်ရင်းနဲ. ရှေ.ဆက်ရတော.မှာပေါ.
ငါ.ကိုခွင်.လွတ်ပါလို.တောင်းပန်ချင်တယ်...ချစ်သောသူငယ်ချင်းရယ်...။

Sunday, July 6, 2008

တစ်ခါတည်းပါအဖေရာ...

အဖြစ်အပျက်လေးတစ်ခုပြောပြချင်ပါတယ်..။
..........ဘယ်သူရယ်လို.မဟုတ်ပါဘူး၊ကျွန်တော်.သူငယ်ချင်းရဲ.အဖြစ်အပျက်ဆိုပါတော.။
သူကမူးယစ်ဆေးဝါးသုံးစွဲတယ်၊အိမ်မှာကလည်းသူ.ကြောင်.ကုန်နေပြီ။ဟိုဟာရောင်းစား
ဒီဟာရောင်းစားနဲ.၊တစ်ဖြည်းဖြည်းနဲ.လုံးပါးပါးလာတယ်။ပြောလိုက်ရင်တော.၊တစ်ခါတည်းပါ
အဖေရာ...ဘယ်လောက်အထိဖြစ်ခဲ့သလဲဆိုရင်......သူ.အိမ်ကဆန်စပါးစိုက်ပျိုးပြီးအသက်
မွေးမြူကြတယ်။ရောင်းစားစရာကုန်တော.ဆန်ထည်.ထားတဲ့ဂုံနီအိတ်ကိုဈေးအပေါစားနဲ.
လေး၊ငါးအိတ်လောက်ကိုရောင်းစားပြစ်တော.တာဘဲ..။ပြီးတော.အိတ်ခွံတွေထဲကို
ကောက်ရိုးတွေနဲ.အစားထိုးပြီထည်.ထားလိုက်တယ်။
....သူ.အဖေခမျာဘယ်လောက်ဘဲဒေါသထွက်ထွက်၊တစ်ဦးတည်းသောသားဆိုတော.လည်း
တော်ရုံနဲ.မဆုံးမဘူး။သူ.သားရန်ကဘယ်လိုကာကွယ်ရမလဲဆိုတာကိုဘဲကြံစည်တတ်တယ်။
ရှိရှိသမျှကိုသော.ခတ်ပြီးထားတာပေါ.ဗျာ...။ဒီကောင်ကလည်းငပွေး။မလွယ်တာမှတစ်ကယ်မလွယ်။
တစ်နေ.ကျတော.သူ.သားကဖအေ၊မရှိတုန်းဆိုပြီး၊ခိုးစရာလေးကလည်ရှားလာပြီ..နောက်ဆုံး
........ကြံရာမရဖြစ်ပြီးဘာလုပ်သလဲဆိုတော.၊၀က်ခြံထဲက၀က်ပေါက်စလေးကိုဖမ်းပြီး
ရောင်းစားဖို.ထွက်လည်းထွက်လာရော....အပေါက်ဝမှာသူ.အဖေနဲ.တန်းပြီးတို.တော.တာဘဲ...
........အဖေဖြစ်သူက.....ဟေ.ကောင်ဒါဘာလုပ်မလို.လဲလို.တစ်ခါတည်းမေးပါလေရော..
သားဖြစ်သူကလည်းပြန်ဖြေရာမှာ......အလေးချိန်ဘယ်လောက်ရှိပြီလဲဆိုတာသိရအောင်
သွားချိန်ကြည်.မလို.ပါအဖေတဲ့..။
.......ဥာဏ်ကတော.အကောင်းသားနော်...အံ့သြတယ်။ဝက်ပေါက်စလေးဘဲရှိသေးတယ်..
ချိန်စရာလားနော်...။

Saturday, July 5, 2008

ပဲ့ကိုင်ရှင်

ဘယ်တော.မှမမေ.နိုင်ပြီး၊ဘယ်တော.မှလည်းပြောင်းလဲမသွားမဲ့စိတ်ထားနဲ. မင်းကိုအမှတ်ရ
နေလျက်ပါသူငယ်ချင်းရယ်....။မင်းနဲ.အတူဖြတ်သန်းခဲ့ချိန်၊မင်းနဲ.အတူဘ၀ကိုပုံဖော်ဖို.ဆုံးဖြတ်
ခဲ့ချိန်၊မင်းရင်ဖွင်.တတ်တဲ့မင်းရဲ.ရည်းမှန်းချက်တွေ၊ငါအရမ်းသတိရနေတယ်သူငယ်ချင်း...........။
ငါ.ရဲ.အဆင်မပြေတဲ့ခရီးလမ်းတွေမှာ၊ငါ.ရဲ.အာယုံကြောတွေရှုပ်ထွေး နေချိန်မှာ၊ ငါ.ရဲ.ငြီးသံကိုမင်းကြားနိုင်ပါ.မလား......။ အပေါင်းအသင်းတွေ မြောက်များစွာ ငါဆုံတွေ. ခဲ့ပေမယ်.မင်းလိုဖြူစင်တဲ့နှလုံးသားပိုင်ရှင် ငါ.မှာမရှိခဲ့ဘူး....။ သတိရလိုက်တာသူငယ်ချင်းရာ..။ ......ကျွန်တော်.ရဲ. အချစ်ဆုံးတွေထဲမှာ၊ ဒုတိယအချစ်ဆုံးအဖြင်. သူ.ကိုနေရာပေးထားတယ်..။
ကျွန်တော်.ဘ၀ကို နားလည်မူ. အပေးနိုင်ဆုံး၊သူဖြစ်ချင်တဲ့အရာ ထက်၊ ကျွန်တော်. ကိုအမြဲပိုဦးစားပေးခဲ့တတ်သူ..၊ ကျွန်တော်တစ်ခုခုမှာအရှုံးနဲ.ရင်ဆိုင်နေ ရပြီဆိုတဲ့သတင်း၊သူကြားမိချိန်တိုင်းကျွန်တော်.အနားကိုအပြေးအလွှားရောက်လာကာ၊နှစ်သိမ်.မူ.တွေ
ပေးတတ်သူ.......၊....... မင်းဘာကြောင်.ဒီလောကကြီးကနေ၊ အစောကြီးခွဲထွက်သွားရတာလဲကွာ...။ မင်းဒီလောက၊ကနေစွန်ခွာသွားပြီ၊ဆိုတဲ့သတင်း၊ငါကြားလိုက်ရချိန်၊ငါ.မှာအရူးတစ်ပိုင်းဖြစ်သွားခဲ့ရတယ်..။
စိတ်ရှိလက်ရှိငါငိုကြွေးခဲ့ရတယ်။ခုဒီစာမျက်နှာပေါ်မင်းကို၊သတိရလွန်းလို.၊ငါရင်ဖွင်.မိပြန်ပြန်တော.
ထပ်ပြီးမျက်ရည်ကျလာမိတယ်သူငယ်ချင်းရယ်...။ငါ.ဘ၀ကိုလမ်းညွှန်ပေးခဲ့တဲ့မင်း..ငါ.ကို
အောင်မြင်မူ.တွေနဲ.ပိုက်ထွေးကာပြုံးပျော်နေတာကိုမြင်ချင်နေတဲ့မင်း၊သတိရတယ်သူငယ်ချင်းရာ..
......သူငယ်ချင်းအပေါင်းအသင်းဆိုတာဘယ်လောက်ဘဲပေါပေါ..သူငယ်ချင်းကောင်းဆိုတာ
ကိုယ်.မှာတစ်ကယ်ကော....ရှိနေပြီလား...?တစ်ခါတစ်လေကိုယ်ကတကယ်ဘဲ..အခင်ဆုံးလို.
ထင်ထားတဲ့အပေါင်းအဖော်က၊ကိုယ်.အပေါ်လှည်.စားသွားတတ်တာတို.၊တစ်ချို.တွေကျတော.
ပိုင်ဆိုင်မူ.ကိုကြည်.ပြီးပေါင်းဖက်တတ်ကြတယ်။တစ်ချို.တွေကျပြန်တော.၊သူ.ကိုကျကိုယ်က
အပေါ်ကနေဆက်ဆံလို.ရမှာဘဲဆိုကာသတ်မှတ်ချက်တွေနဲ.ပေါင်းသင်းတတ်ကြတယ်...။
....ကျွန်တော်.ဘ၀မှာအဖိုးမဖြတ်နိုင်တဲ့သူငယ်ချင်းကောင်းရှိခဲ့ပါလားဆိုတာ..သူမရှိတော.မှ
ပိုသိလာတယ်...။အစဉ်မပြေတဲ့အခိုင်မှာအမြဲကူညီဖေးမတတ်တဲ့မင်း......မင်းကိုငါဘယ်လို
ကျေးဇူးဆပ်ရမလဲ...။မင်းအတွက်ငါဘာလုပ်ပေးသင်.သလဲ.........။မင်းငါ.အတွက်အမြဲစိတ်မချ
တတ်တာတွေ၊ငါ.အတွက်ပူပန်ပေးတတ်တာတွေ၊ငါဘာနဲ.တန်ဖိုးဖြတ်မလဲသူငယ်ချင်း....
အဖိုးမဖြတ်နိုင်တဲ့မင်းရဲ.ဖြူစင်လွန်းလှတဲ့မေတ္တာ.....မင်းရောက်နေရာဘ၀မှာစိတ်ချမ်းသာပါစေ...
ရောက်လေရာမှာစိတ်ချပါသူငယ်ချင်းရယ်...မင်းငါ.အပေါ်ဖြစ်စေချင်တဲ့ဆန္ဒတွေအားလုံး...
ဖြစ်စေရပါမယ်လို.ငါကတိပေးတယ်သူငယ်ချင်းရယ်..မင်းစောင်.ကြည်.နေပါ.....။
အောင်မြင်မူ.တွေတစ်နေ.ပိုက်ထွေးစေရပါမယ်....မိန်းကလေးပေမယ်.
ငါ.ထက်စိတ်ဓါတ်ရေးရာမှာအစစအရာရာသာလွန်တဲ့မင်း...ရင်.ကျက်မူ.တွေရှိလာအောင်
အမြဲတစေနားချတတ်တဲ့မင်း.....မင်းကျေးဇူးကိုအမြဲအမှတ်ရနေဆဲပါသူငယ်ချင်းရာ........
မင်းလိုချင်..ဖြစ်စေချင်တဲ့အောင်မြင်မူ.တွေကိုပိုက်ထွေးပြီးရင်လေ...
မင်းရှိရာအရပ်ကနေ........ငါ.ကိုပြုံးပြုံးကြီးနဲ.မင်းကြည်.နေနိုင်တော.မှာပါ... ချစ်သော.........သူငယ်ချင်းရာ..။


ထွက်ပေါက်

.....စိတ်ညစ်နေချိန်တွေမှာဘာနဲ.ဖြေသိမ်.လဲလို.၊သူငယ်ချင်းတစ်ယောက်ကမေးဖူးတယ်။
ဘာနဲမှမဖြေသိမ်.နိုင်ပါဘူးဟာ...ကိုယ်စိတ်ညစ်ရင်ဖြေစရာမရှိဘူးလို.ပြန်ပြောမိခဲ့ဘူးတယ်။
ဒါပေမယ်.ခုချိန်မှာတော.အဲဒီမေးခွန်းကိုဖြေရမယ်.အကြောင်းပြချက်တွေတန်းစီနေမလားဘဲ....၊
အကောင်းဆုံးအဖေါ်တွေ၊မရှိမဖြစ်လိုအပ်တဲ့အဖော်တွေကျွန်တော်.ပတ်ဝန်းကျင်မှာ
အများကြီးရှိနေပြီလေ။တစ်ခါတစ်လေစိတ်ညစ်ပြီဟေ. ဆိုရင် တစ်ယောက်ယောက်နဲ.
အကြာကြီးဖုန်းနဲ.စကားပြောလိုက်တယ်..တစ်ခါခါကျတော. ကာရာအိုကေသွားပြီး အစွမ်းကုန်
အော်ဟစ်ပစ်လိုက်တယ်..တစ်ခါခါကျပြန်တော. ဘာမှမလုပ်ဘူး၊ထိုးအိပ်လိုက်တာဘဲ။တစ်ရေးနိုး
တော. စိတ်ဖြေလက်ပျောက် စာရေးတယ်...စာဖတ်တယ်...။ပြီးရင် စဉ်းစားခန်းဖွင်.တယ်...
အဖော်ဆိုတဲ့ အကြောင်း ခေါင်းထဲဝင်ရောက်လာတယ်....ကိုယ်.အတွက် အကောင်းဆုံးအဖော်ကဘာလဲ...ဘယ်သူလဲ..? တိကျတဲ့အဖြေ ရှာမရပေမယ်. စိတ်ရဲ.ထွက်ပေါက်ကိုတော.
ရှာဖွေနိုင်ခဲ့တယ်...ကိုယ်.စိတ်ကို ကိုယ်အစွမ်းကုန် ဖြေဖျောက်တယ်...မရရင် ရတဲ့နည်းနဲ.
ဖြေတယ်..အရင်တုန်းကဆိုရင် စိတ်ညစ်ရင် ဂစ်တာတီးတယ်..ဂစ်တာကြိုးငြိမရလို. ဂစ်တာကို
ရိုက်ချိုးပစ်တာမျိုးတွေတောင်ရှိခဲ့သေးတယ်...အမလေး နှမျောလိုက်တာ...ပြန်စဉ်းစားကြည်.တော.
ဒါပေမယ်. လူတိုင်းလူတိုင်းဟာ သူ.အသက်အရွယ်နဲ.သူ အချိန်တန်တော.ရင်.ကျက်မူ.ဆိုတာ
ရှိလာတယ်ဆိုတာ...မှန်လိုက်လေခြင်း။တစ်ခါခါကိုယ်.အသက်အရွယ်ကိုသေချာ ပြန်စဉ်းစား
ခါမှ (ဟာ)ငါမငယ်တော.ပါလား...စိုးထိတ်မူ.တွေ နှလုံးသားထဲ၊မှာဖြစ်ပေါ်လာမိတယ်..ဘာလို.လဲ
ဆိုတော.၊ခုထက်ထိ ထူးထူးခြားခြား အောင်မြင်မူ.ဆိုတာ မပိုင်ဆိုင်နိုင်သေးဘူးလေ..ဒါကိုစဉ်းစား
နေရင်းနဲ. မသိစိတ်ထဲကနေ...အောင်မြင်မူ.လမ်းကြောင်းပေါ် ဖောက်ထွက်နိုင်မဲ့ လမ်းကြောင်း
ကိုရှာဖွေနေမိတယ်...၊မလွယ်ပါလား.....ဗျာ

Friday, July 4, 2008

အပိုဒ်(4) ကျွန်တော်.အမြင်








....ကိုရီးယားမှာလူငယ်များကတော.ခောတ်အလိုက်အကုန်လိုက်လုပ်တတ်တာကိုတွေ.ရပါတယ်..။
များသောအားဖြင်.ရုပ်ရှင်မင်းသမ္မီး၊မင်းသားတွေရဲ.stlye..fashion..hair style..model ဖြစ်စေမယ်.
အရာမှန်သမျှလိုက်တုတတ်ကြတယ်၊လိုက်တာမလိုက်တာအပထား၊ကျွန်တော်ကလည်းဘယ်ရမလဲ
ရောမရောက်၊ရောမလိုကျင်.ဆိုတဲ့အတိုင်ဲး၊လိုက်တုတာပေါ.၊မြင်ယောင်ကြည်.ကြပါအုံး...ဟီ
အသက်ကြီးပိုင်းတွေကျတော.TV ကိုသည်းသည်းမည်းမည်းငန်းတတ်ကြတယ်။ဘာကြောင်.လဲဆိုတော.
drama ဇာတ်လမ်းလေးကိုအစွဲအလန်းကြီးကြတယ်။ဘယ်နေရာရောက်နေ၊ရောက်နေဇာတ်လမ်း
လာချိန်ကိုတော.အပြေးအလွှားလေးအိမ်ကိုပြန်လာတတ်ကြတယ်။ချစ်ဖို.တော.အကောင်းသာ..
လူငယ်တွေရဲ.စရိုက်ကများသောအားဖြစ်၊ရိုင်းတဲ့သူတွေတော်တော်လေးရှိနေတာကိုတွေ.ရတယ်။
ပညာမတတ်တဲ့သူတွေဆိုပိုဆိုး၊သဘောကောင်းတဲ့သူတွေကျပြန်တော.ဘာနဲ.မှနိုင်းယှဉ်လို.မရ
အောင်ကိုကောင်း၊ဘာကိုနားလည်ရမှန်းတောင်မသိတော.ပါဘူးဗျာ။
ဘာဘဲဖြစ်ဖြစ်အတုယူစရာတွေကပိုများနေတာကတော.အသေအချာပါဘဲ။တောသားလေး
ကျွန်တော်ကတော.သူတော်ကောင်းမို.လို.ထင်ပါရဲ.လူကောင်းသူကောင်းတွေနဲ.ဘဲဆုံတွေ.ခွင်.
ရခဲ့တယ်လေ...ဟီ......။ဘုရားမလို.ပေါ.ဗျာ။ဆက်လက်ကြိုးစားပါအုံးမယ်...............။

အပိုဒ်(3) အစားအသောက်



သူတို.အစားအစာကကျွန်တော်တို.မြန်မာလူမျိုးတွေနဲ.မိတ်ဖွဲ.လို.ရတယ်၊အချဉ်အစပ်၊စားတယ်လေ..၊
ထမ္မင်းဝိုင်းမှာမပါမနေမရကတော.(kim shil)လို.ခေါ်တဲ့မြန်မာလိုပြောရရင်တော.မုံညင်းချဉ်ပေါ.၊
ဘယ်လောက်ဘဲချမ်းသာတဲ့သူဖြစ်ပါစေ၊ဘယ်လောက်ဘဲဆင်းရဲသည်ဖြစ်ပါစေ၊မပါလို.မရတဲ့
အစားအစာ။စားသလားတော.မမေးနဲ.၊ကျွန်တော်ရောက်ခါစတုန်းက၊သူငယ်ချင်းတစ်ယောက်ပြောပြ
တယ်..၊ဒီကခွေးတွေတောင်အဲဒီ(kim shil) မပါရင်ထမ္မင်းမစားဘူးတဲ့ဗျာ..။မအံ့သြဘူးလား၊အံ့သြပါ.။
ကိုရီးယားသားတွေဟာခေါက်ဆွဲလည်းတော်တော်စားတာကိုတွေ.မြင်ရတယ်၊နောက်ပြီးတော.လမ်း
ဘေးကဆိုင်တွေမှာသမ္မီးရည်းစားတွေက၊ထိုင်ပြီးစားကြတာကိုက၊အရသာတစ်မျိုးတဲ့ဗျာ။
အသားကင်ကတော.နာမည်ကြီးပေါ.၊ဆလပ်ရွက်ထဲမှာအသားကင်ကိုထည်.၊ပြီးတော.ခုကပြောတဲ့
ချဉ်ဖတ်၊ကြက်သွန်ဖြူ၊ငငြုပ်သီးစိမ်း၊ထမ္မင်းပါရောထည်.ပြီးလိပ်စားတာ၊ကောင်းမှကောင်း။ကိုယ်တိုင်
စားကြည်.မှ....ခုတောင်သတိရလာပြီ..။ဗိုက်တောင်ဆာလာသလိုဘဲ..ဟီ...။ပြီးတော.ရေငြိလိပ်.ကိုလည်း
အထဲမှာအဆာပလာတွေထည်.ပြီးစားသုံးကြပါတယ်။တော်တော်နာမည်ကြီးပါတယ်..။အရက်ကတော.
ပြောမနေနဲ.တော.၊ယောင်္ကျားမိန်းမ၊မရွေး၊စနေညဆိုရင်...သူတို.အလှည်.ပေါ၊ပြီးတော.ငါးစိမ်း...
သူတို.အတွက်ကြိုက်မှကြိုက်၊ဒီကကောင်ကတော.မကြိုက်နိုင်ပါဘူးဟာ..။အစိမ်းကြီးတဲ့၊လာကျွေးတယ်၊
တော်တော.လို.။အဆီဆိုမစားသလောက်ပါဘဲ။ကြက်ဥကျော်တာတောင်ရေနဲ.ကျော်ရတယ်လို.၊
မကြားဖူးပါဘူး၊တစ်ကယ်တော.ကျန်းမာရေးနဲ.အရမ်းညီညွတ်တဲ့အစားအစာဆိုတာ၊နောက်မှ..
တစ်ဖြည်းဖြည်းပိုသိလာတော.တယ်။ကျွန်တော်တို.မြန်မာလူမျိုးတွေနဲ.တည်.တာတွေများတော.
ကိုရီးယားသွားချင်တဲ့သူများ၊အစားအသောက်နဲ.ပတ်သက်ပြီးစိတ်မပူရပါဘူးလို.၊
အိမ်ကနေပါဆယ်တွေမပါလည်းအလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်ပါတယ်.....To Be...

Thursday, July 3, 2008

အပိုဒ်(2)..ယဉ်ကျေးမူ.


ကိုရီးယားနိုင်ငံရဲ.ယဉ်ကျေးမူ.တွေဟာတစ်ကယ်မှတ်သားဖို.ကောင်းတာတွေအများကြီး
တွေ.ရပါတယ်။ဘယ်သူဖြစ်ဖြစ်ကိုယ်.ထက်တစ်လမပြောနဲ.တစ်ရက်ထဲဘဲကြီးကြီးအစ်ကို
ဆိုအကို၊အစ်မဆိုအမခေါ်ဆိုရတဲ့ဓလေ.ကိုတော်တော်သဘောကျမိတယ်။နောက်ပြီးတစ်ခုခု
သုံးဆောင်ကြမယ်.အချိန်တွေမှာလည်းကိုယ်.ထက်ကြီးသူကိုအရင်ခူးခပ်ပေးပြီး၊ကြီးသူကလည်းအငယ်
တွေကိုပြန်ပြီးလိုက်ခပ်ထည်.ပေးတာတွေကိုမြင်တွေ.ရပါတယ်။တစ်နှစ်ပတ်လုံးလုပ်ငန်းတွေလုံးပန်း
နေရပေမယ်.မိဘကန်တော.ပွဲဆိုတာကိုအလေးအနက်ထားပြီကျင်းပတာကိုလည်းတွေ.ရပါတယ်။
ရုံး၊အလုပ်တွေအကုန်ပိတ်ပြီးမိဘအိမ်ပြန်ကာမိမိတတ်နိုင်တဲ့ဘက်ကကျေးဇူးဆပ်ကြတာကိုတွေ.
ရတော.၊တောသားလေးကျွန်တော်ကလည်းအိမ်ကအမေ.ကိုသွားသတိရမိပါရဲ.။မိဘကန်တော.တဲ့
ရာသီကတော.september လလယ်လောက်ဖြစ်ပါတယ်။ကိုရီးယားတွေဟာ..
ပျော်ရမယ်.အချိန်မှာအပြည်.အ၀ကိုပျော်ကြပြီး၊အလုပ်ချိန်မှာတော.သူ.ထက်ငါအပြိုင်ကျဲနေကြတာကို
တွေ.ရပါတယ်။စားခါနီးမှာသုံးနုန်းတဲ့စကားလုံးဟာချစ်ဖို.အရမ်းကောင်းတယ်၊ထမ္မင်းဟင်းပြင်ဆင်ပေး
တဲ့သူကိုရည်ရွယ်ပြီး(သုံးဆောင်ပါတော.မယ်)ဆိုတဲ့စကားကိုပြောဆိုကြရပါတယ်။စားပြီးတော.လည်း
(အရမ်းစားလို.ကောင်းပါတယ်..ကျေးဇူးတင်ပါတယ်)ဆိုတဲ့အသုံးအနုန်းတွေဟာ၊ဟုတ်သည်ဖြစ်စေ၊
မဟုတ်သည်ဖြစ်စေ၊ပြင်ဆင်ပေးတဲ့သူရဲ.စိတ်ကိုအထိုက်အလျောက်အားဖြင်.တော.စိတ်ချမ်းသာစေ
မူ.ကိုပေးနိုင်တာပေါ.ဗျာ....စတဲ့ယဉ်ကျေးမူ.တွေအားကျမိတယ်ဗျာ..။
နေ.တစ်နေ.မှာတစ်ယောက်နဲ.တစ်ယောက်ပထမဆုံးတွေ.တဲ့အချိန်တွေမှာလည်း၊တစ်ယောက်နဲ.
တစ်ယောက်ခေါင်းကိုညိတ်ပြပြီးနုတ်ဆက်လေ့ရှိကြပါတယ်..ကျွန်တော်မှတ်မိသမျှဆိုပါတော.။......
အဓိပ္ပာယ်ကမင်္ဂလာပါ..ကောင်းသောနေ.ပါလို.၊ဆိုတဲ့သဘောဖြစ်ပါတယ်...။.....To...Be...

Wednesday, July 2, 2008

ကိုရီးယားအကြောင်းသိကောင်းစရာ


....တစ်မူထူးရှားတဲ့မြို.လို.ဘဲဆိုရမလား၊ဆောင်းနှင်းတွေစပြီးကျလာတဲ့အချိန်မှာမြို.တော်ဆိုးလ်မြို.ကို
ကျွန်တော်ရောက်သွားခဲ့ပါတယ်။စိမ်.စိမ်.တုန်အောင်ချမ်းပေမယ်.အအေးကြိုက်တဲ့ကျွန်တော်.အ
တွက်တော.ကွက်တိပေါ.။နွေဦး၊နွေ၊ဆောင်းဦး၊ဆောင်းဥတုလေးမျိုးမှာသူတို.ရဲ.အကြိုက်နှစ်သက်ဆုံး
ရာသီကနွေဦး၊ဘာလို.လဲဆိုတော.တစ်နိုင်ငံလုံးရဲ.အလှပဆုံးအချိန်မဟုတ်လား၊ပန်းပွင်.ပေါင်းစုံ
ဝေဆာပြီး၊စိမ်းလန်းစိုပြေတဲ့အချိန်ပေါ.။အလှပဆုံးရှု.ခင်းတွေနဲ.ပြည်.စုံနေလေတော.ဘာပြောကောင်း
မလဲနော်....။တောသားလေးကျွန်တော်...ပျော်လိုက်သည်ဖြစ်ခြင်း၊မျက်စိစုံပြူး၊ငေးမောကာလေ၊
သိမှတ်စရာများအားခုလိုရင်ဖွင်.ပြောပြချင်ပါ၏။
မြန်မာနိုင်ငံလိုဘဲပြည်နယ်နှင်.တိုင်းတွေခွဲခြားထားတာတွေ.ရပါတယ်။ဘာသာစကားကို
တစ်မျိုးထဲသုံးကြတယ်။ဒါပေမယ်.အောက်ပိုင်းဒေသကလေယူလေသိမ်းကို၊နားလည်ရခက်
တာကအပေါ်ပိုင်းကလူ၊ပြောရမယ်ဆိုရင်အညာသားလေသံဆိုပါတော.၊လူနေမူ.အဆင်.အတန်းက
အများကြီးကွာခြားမူ.မရှိဘူးဆိုတာတွေ.ရတယ်။ကိုရီးယားမြို.ရဲ.ကျက်သရေအရှိဆုံးနေရာက
ဆိုးလ်မြို.လယ်ခေါင်ကိုဖြတ်သွားတဲ့ဟန်းမြစ်ဆိုရင်မမှားပါဘူး၊တံတားပေါင်းရာချီပြီးဖြတ်ဆောက်
ထားတဲ့အပြင်၊မီးရောင်စုံတွေနဲ.ဝေဆာလှပနေတော.ကျွန်တော်တောသားလေးကသွားသွားပြီးထိုင်
နေတာလွန်သလား...ရူးတယ်လို.ဘဲဆိုဆိုဂရုမစိုက်နိုင်၊...........................to be...

Tuesday, July 1, 2008

တိတ်ဆိတ်စွာနဲ.မျော်လင်.ခြင်း

ချစ်သူ....မင်းလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာ၊ငါ.အတွက်စိုးရိမ်စိတ်တွေဖြစ်ပေါမိတယ်..။ဘာ.ကြောင်.လဲ..?
မင်းငါနဲ.တစ်ဖြည်းဖြည်းဝေးကွာသွားမှာစိုးလို.ပါ...
ချစ်သူ....မင်းပြောလိုက်တဲ့စကားလုံးတိုင်းငါ.နှလုံးသားကိုတုန်ခါစေတယ်...ဘာ.ကြောင်.လဲ...?
ငါ.အတွက်နားဝင်မချိုတဲ့စကားလုံးကြမ်းတွေပါလာမှာစိုးတယ်...
ချစ်သူ....မင်းပြုံးလိုက်တဲ့နုတ်ခမ်းပါးလေးဟာ၊ငါ.အတွက်ရင်ခုန်လွန်းစေတယ်...ဘာကြောင်.လဲ
တစ်ပါးသူနှလုံးသားကိုစွဲမက်သွားစေမှာစိုးလို....၊
ချစ်သူ...မင်းလက်ပြနုတ်ဆက်ခဲ့ချိန်တိုင်းငါ.အသည်းနှလုံးကိုခြောက်ခြားစေတယ်..ဘာကြောင်.လဲ.?
မင်းနဲ.ထပ်ပြီးမတွေ.ဖြစ်မှာကိုကြောက်လန်.နေမိလို.ပါ။
ချစ်သူ....ငါ.နှလုံးသားထဲကိုမြင်ကြည်.လှည်.ပါအုံးလား၊ငါ.ရင်ခွင်ထဲကိုခဏဖြစ်ဖြစ်ခိုဝင်ကြည်.လှဲ.ပါလား
မင်းအတွက်အာမခံချက်တွေတစ်သီတစ်တန်းကြီးနဲ.စောင်.မျှော်နေလျက်ပါ။ ရွှေဘုံပေါ်မင်းကို
တင်မထားနိုင်ပေမယ်.အပြုံးတစ်ချက်မပျက်စေရပါ။မျက်နှာတစ်ချက်မငြိုးနွမ်းစေရပါ။
သွားလေရာမှာမင်း.........စိတ်ကူးတိုင်းမှာမင်း..........ငါ.ရဲ.မျော်လင်.ချက်တွေဟာမင်းဖြစ်နေတော.
မင်းကိုမပိုင်ဆိုင်လိုက်ရတဲ့အဖြစ်မျိုးသာဖြစ်ခဲ့လေသော်ငါရူးသွားလေမလား
ကြောက်လန်.စိတ်နဲ.မင်းကိုချစ်လိုက်ရတာ..မင်းသိခဲ့ပါလျင်.......လက်ကမ်းကြိုနိုင်မှာလားချစ်သူ..။
ဘုရားမှာဆုပန်...ခူးစွတ်ခွင်.ပေးခဲ့ပါလားချစ်သူရယ်....။

သံသရာစိတ်ကူး

တစ်ခါတစ်လေတော.ငယ်ဘ၀ကိုတစ်ကယ်တမ်းသမိတယ်ဗျာ...။အရွယ်ရောက်လာတော.
ဘ၀ကိုရုန်းကန်နေရတဲ.အချိန်တွေမှာစိတ်ဓါတ်ကျစရာလေးတွေကြုံတိုင်းကြုံတိုင်း
ခလေးလေးဘ၀ကိုစိတ်ကူးနဲ.ပြန်ပြန်ရောက်နေမိတတ်တယ်။ဘာမှမသိတတ်သေးတဲ့ကလေးဘ၀မှာ
ပူပင်စရာဘာရှိသေးလို.လဲ..?အချိန်တန်စား၊အချိန်တန်အိပ်၊တွေစရာလည်းမရှိ၊ဘာမှမသိတော.၊
ဘာမှအပြစ်လည်းလုပ်မိစရာအကြောင်းမရှိ၊တစ်ကယ်ကိုအလိုချင်ဆုံးဘ၀ဆိုတာခုမှသိလာတော.တယ်။
ခုကျွန်တော်.ဘ၀အရွယ်လည်းရောက်လာတော.ဘာမဆိုသိတတ်လာတယ်၊လိုချင်တပ်မက်တဲ့စိတ်တွေ၊
ဖြစ်ချင်တဲ့စိတ်တွေ၊အလိုရှိတာတွေတစ်ဖြည်းဖြည်းနဲ.များလာတယ်။ဒီတော.အောင်မြင်ကျော်ကြားတဲ့
သူတွေကိုအားကျနေမိပြန်တယ်။သူတို.လိုဖြစ်ချင်လာတယ်။ပြီးတော.စမ်းသပ်ချင်လာတယ်၊
ဘာမဆိုကိုယ်လည်းလုပ်ရင်ဖြစ်လာမှာဘဲ၊စိတ်ကူးတွေနဲ.အကောင်အထည်ဖော်ကြည်.ပြီး၊လက်တွေ.
ဘ၀မှာစမ်းသပ်ကြည်.တော.အထင်နဲ.အမြင်မှာများစွာကွာဟနေလေတယ်။အဆင်မပြေတဲ့အချိန်တွေမှာ
စိတ်ဓါတ်ကျမိတဲ့အချိန်တွေဟာလည်းအကြိမ်ပေါင်းမနည်းတော.ပါ၊တစ်ခါတစ်လေကြီးပွားချင်လွန်းလို.
ဖြတ်လမ်းနည်းနဲ.ရှာကြည်.ချင်မိတယ်။ဒါပေမယ်.အမေ.စကားကိုပြန်ပြန်ကြားယောင်မိတိုင်း
ဆုံးဖြတ်ချက်တွေကိုပြန်ပြန်ပြင်ဆင်ခဲ့ရတဲ့အဖြစ်တွေကလည်းမနည်းတော.ဘူး။အမေကပြောခဲ့တယ်..
ငါ.သား..မင်းအရမ်းကြီးပွားချင်နေမှန်းအမေသိတယ်..။ဒါပေမယ်.ကောက်ကျစ်တဲ့နည်းလမ်းနဲ.တော.
အောင်မြင်မူ.ကိုရယူဖို.မကြိုးစားပါနဲ.၊ပြောရက်သားနဲ.လုပ်ဖြစ်ခဲ့တယ်ဆိုရင်....အမေ.ဆီပြန်မလာ
နဲ.တော.တဲ့။ကျွန်တော်ဘာကြောင်.အောင်မြင်ကြီးပွာချင်နေရတာလဲ၊ရည်ရွယ်ချက်ရှိပါတယ်..။အဖေ့
ကြောင်.ဘ၀နာခဲ့ရတဲ့အမေ.ကိုကျေးဇူးဆပ်ချင်လွန်းလို.ဆိုရင်မမှားပါဘူး။လောကကြီးကတစ်ခါတစ်
လေမှာမတရားသလိုဘဲနော်။ရှိပြီးရင်းရှိသူတွေ...မရှိတဲ့သူကျတော.မွဲသထက်မွဲ။သမာအာဇိဝနဲ.ဘယ်လို
ချမ်းသာနိုင်မှာလဲ..။ကောက်ကျစ်မူ.တွေကပြည်.နက်နေတယ်။စာအုပ်တစ်ခုမှာဖတ်မိတယ်။
စီးပွားရေးသမားတစ်ယောက်ဟာတဲ့အလုပ်လုပ်တဲ့နေရာမှာ..သနားကြင်နာခြင်းနဲ.ရက်စက်ခြင်းကို
လိုအပ်သလိုအသုံးချတတ်ရမယ်တဲ့။တစ်ကယ်လက်ခံသင်.လားကိုယ်တိုင်မသိပေမယ်.၊လက်ကိုင်
သုံးချင်တဲ့ဆန္ဒတော.ဖြစ်ပေါ်မိသား။...........