Wednesday, February 18, 2009

အကြံကောင်း၊ညဏ်ကောင်း

ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်
လောက်ခင်ဗျားသိလား။နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။

(copy by....my friend)

မင်းအတွက်ဆိုရင်

မင်းကိုသတိရလွန်းလို့ညတိုင်းအိပ်မရဘူး မိုးလင်းမှတစ်ရေးပဲရတယ်။
မင်းကိုကိုယ်ချစ်တာ လေးလေးနက်နက်ပါကွာ ကတ္တရာပုံးကြီးလိုပါပဲ။
ယုံပါကွာကြောင်မဟုတ်ပါဘူး။မင်းသာပါမယ်ဆိုရင်ဧ၀ရက်တောင်ထိပ်မှာ
ယင်လုံအိမ်သာဆောက်ပေးပါ့မယ်။ မင်းအချစ်ကိုရဖို့ဆိုရင်လေ
ကိုယ်ဟာကျားမြီးပဲဆွဲရဆွဲရ ဆင်နင်းပဲခံရခံရ လုပ်ပြပါ့မယ်။ တကယ်ပါကွာ
မင်းနဲ့ကိုယ်က နှစ်ဖက်ပေါင်းမှ တစ်ရံဖြစ်တဲ့ ခုံဖိနပ်စုတ်တစ်ရံလိုပါပဲ။
မင်းဘယ်ပဲရောက်နေရောက်နေ ကိုယ်ဟာ မင်းဆီကိုအရောက်လာပါ့မယ်။
ခေါင်းတော့မပါဘူးပေါ့နော်။ မင်းခွဲသွားတဲ့နေ့က ကိုယ်ထမင်းတောင်မစားနိုင်ဘူး။
ရန်ကင်းကြေးအိုးဆိုင်မှာပဲ ကြေးအိုးသွားစားတာ နှစ်ပွဲတောင်ကုန်သွားတယ်။

ကိုယ့်ဆီကဒီစာကလေးရရင် ကင်စားလိုက်နော် အဲ မဟုတ်ပါဘူး စာပြန်လိုက်နော်။
မင်းဆီကပြန်လာမယ့်စာကလေးကို ကိုယ်လေးခွကိုင်ပြီးစောင့်နေမယ်။

...................................... (copy by,my friend)